MNP ၊ ဇူလိုင် ၈
ခြင်ကျား လောက်လန်းများကင်းစင်ပြီးသွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရွှေတောင်မြို့ ၊သရက်တောရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၆း၃၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုး သန့်နှင့်ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ဥက္ကဌ ဒေါ်နန်းမြေအး နှင့်အဖွဲ့ဝင်များ ၊ သရက်တောရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ပရဟိတ ( ရွှေတောင်)အသင်းမှ အသင်းသားများစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရာသီတွင်ဖြစ်ပေါ်တတ်သော သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ခြင်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားနိုင်စေရေးအတွက် လည်းကောင်း၊ ခြင်မှ ကူးစက်တတ်သော သွေးလွန်တုတ်ကွေးရောဂါကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ရာသီအလိုက်ဖြစ်ပေါ်တတ်သော ရောဂါများ မဖြစ် ပေါ်စေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် မိဘပြည်သူများကလည်း ရေစည်၊ ရေအိုးများကို လုံခြုံစွာ ဖုံးအုပ်ထားရန်၊ ပန်းအိုးများကို အပတ်စဉ် လဲလှယ်ပေးကြရန်၊ ရေတင်နိုင်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန်၊ အိမ်အနီးပတ်ဝန်းကျင်တွင် ရေမဝပ်စေရေး ရေစီးရေလာကောင်း အောင် ဆောင်ရွက်ရန် မိဘပြည်သူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment