MNP ၊ ဇူလိုင် ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လယ်ယာမြေဥပဒေအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လယ်ယာမြေဥပဒေအကြောင်းကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန် ရည်ရည်၍ အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဦးစီးအရာရှိ ဦးကျော်သိန်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူများ၏ အခွင့်အရေးများ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လယ်ယာမြေအငြင်းပွားမှုကြောင့် ဖြေရှင်းခြင်းနှင့် လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ကျိုက်မရောမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသည် ပြည်သူများ လယ်ယာမြေ အငြင်းပွားမှုပြသနာများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေများကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ကြစေရန် ပညာပေးဆွေးနွေးခြင်း၊ ဟောပြောခြင်းစသည့်တို့ကို အရှိန်အဟုန်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ယနေ့ပြုလုပ်သော လယ်ယာမြေဥပဒေပညာပေးဆွေးနွေးပွဲကို We love Kyaikmaraw facebook page ၌ ဝင်ရောက် ကြည့်ရူနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment