စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သာသနိက အဆောက်အဦများ ပြန်လည် ပြုပြင်ပြီးစီးမှုအခြေအနေများအားကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ သာသနိက အဆောက်အဦများ ပြန်လည် ပြုပြင်ပြီးစီးမှုအခြေအနေများအားကြည့်ရှုစစ်ဆေး


MNP ၊ ဇူလိုင် ၆

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေစေတီဘုန်းတော်ကြီး၊ ပညာလင်္ကာရဘုန်းတော်ကြီး ကျောင်း၊ အဘယရက္ခိတဘုန်းတော်ကြီးကျောင်းနှင့် အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းများရှိ သာသနိက အဆောက်အဦများ ပြန်လည် ပြုပြင်ပြီးစီးမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ရန်ကျန်ရှိသည့် အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ဘုန်းတော်ကြီးကျောင်း တိုက်များရှိ ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)