ကမ္ဘ့ာကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်လျက်ရှိသော ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်နှင့် ပြတိုက် အတွက် မြတောင်စာသင်တိုက် ဒုတိယနာယက ဆရာတော် ဦးကုမာရ က ကျပ်သိန်း ၁၀၀ ထပ်မံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘ့ာကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်လျက်ရှိသော ဦးသန့်အထိမ်းအမှတ် စာကြည့်တိုက်နှင့် ပြတိုက် အတွက် မြတောင်စာသင်တိုက် ဒုတိယနာယက ဆရာတော် ဦးကုမာရ က ကျပ်သိန်း ၁၀၀ ထပ်မံလှူဒါန်း






MNP ၊ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့အဝင် ရန်ကုန် - ပုသိမ် ကားလမ်းမကြီးဘေးတွင် ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းအုပ်ဆရာကြီးနှင့် ကမ္ဘာကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပန်းတနော်မြို့သား ဦးသန့် ကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်လျက်ရှိသော ဦးသန့် အထိမ်းအမှတ်စာကြည့်တိုက်နှင့် ပြတိုက် တည်ဆောက်ရေးလုပ်ငန်းအတွက် ပန်းတနော်မြို့၊ မြတောင်စာသင်တိုက် ဒုတိယ နာယက ဆရာတော် ဦးကုမာရ ( မြထိပ်တင် ပန်းတနော် )က  ငွေကျပ် သိန်း ၁၀၀  ကို ယနေ့ ပထမ ဝါဆိုလပြည့်ကျော် ၄ ရက် (၆ ရက် ၇ လ ၂၀၂၃ ) နေ့တွင်ဦးသန့် စာကြည့်တိုက် အဆောက်အဦ သို့ ကိုယ်တိုင်ကြွရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြတောင်ဆရာတော်ကြီးသည် ပန်းတနော်မြို့တွင် ဦးသန့် အထိမ်းအမှတ် စာကြည့်တိုက်နှင့်ပြတိုက် တည်ဆောက်၍ ဂုဏ်ပြုထားရန် လွန်စွာ စိတ်အားထက်သန်လျက် လွန်ခဲ့သော ၁၀ နှစ်ကျော် ကာလကပင်  အခက်အခဲပေါင်းများစွာကြားက ဦးစီးဦးဆောင်၍ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာတော်ဖြစ်ကြောင်း သိရသည်။

ဦးသန့် စာကြည့်တိုက် တည်ဆောက်ရေးအတွက် အလှူငွေ ရရှိရန် တရားပွဲများ ကျင်းပပြုလုပ်ပြီး ရရှိလာသော ဝတ္ထုငွေ မှန်သမျှကို တည်ဆောက်ရေးလုပ်ငန်းသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ယခုလတွင် ဆရာတော် ဦးကုမာရ သည် ကျပ် သိန်း ၂၀၀ အောင်ဘာလေ ထီဆုကို ၂ဦးစပ် ပေါက်ခဲ့ပြီး ဆရာတော်အတွက် ရရှိသော ဝတ္ထုငွေ ကျပ် သိန်း ၁၀၀ ကို ဆရာတော်က  ခမည်းတော်၊ မယ်တော် နှစ်ပါးအား ရည်စူး၍ ကိုယ်တော်တိုင် နာယက အဖြစ်ဆောင်ရွက်နေသော ဦးသန့် စာကြည့်တိုက် တည်ဆောက်ရေးလုပ်ငန်း ပြီးမြောက်အောင်မြင်ရေးအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)