၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်


MNP ၊ ဇူလိုင် ၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင် ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ခြင်းအတွက် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုပြီး အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်းလာရေး ရည်ရွယ်၍ ယခုကဲ့သို့ ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ်ချက်ဖြစ်သော အသိပညာနှင့် အတတ်ပညာများ မြင့်မားစေရေးအတွက် ကြိုးစား၍ ပညာကိုသာ တစိုက်မတ်မတ် ဆည်းပူးလေ့လာရှာမှီးသွားရန် မှာကြားလိုကြောင်း။

ယခု အောင်မြင်မှုများကို အခြေခံပြီး အဆင့်မြင့်မားသည့် ပညာရပ်များကို ဆက်လက် သင်ယူ ဆည်းပူးသွားကြရန်၊ ကြုံတွေ့လာမည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းသည့်အခါ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်ကြရန်နှင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘာသာစုံဂုဏ်ထူးရှင်များနှင့် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုနှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ရာ ဆုရ‌ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ၆ ဘာသာဂုဏ်ထူးရှင် မောင်သန်းထိုက်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး နံနက်စာအတူတကွ သုံးဆောင်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၆ ဘာသာ ဂုဏ်ထူးရှင် ၉ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၁၅ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး အပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃၆ ဦး၊ ရိုးရိုးအောင်မြင်သူ ၁၇၅ ဦး စုစုပေါင်း ၃၁၁ ဦးဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၇၁ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)