ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင် ဖာသည်မ ဇင်မာအောင်ကို ဖိတ်ကြားခဲ့မှုနှင့် ပတ်သက်၍ တီမောလက်စ်တေသံရုံးမှ ယာယီတာဝန်ခံအား ခေါ်ယူ သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင် ဖာသည်မ ဇင်မာအောင်ကို ဖိတ်ကြားခဲ့မှုနှင့် ပတ်သက်၍ တီမောလက်စ်တေသံရုံးမှ ယာယီတာဝန်ခံအား ခေါ်ယူ သတိပေး


MNP ၊ ဇူလိုင် ၆

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး သည် ၅-၇-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Avelino Fernandes Ximenes Pereira အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖိတ်ခေါ်၍ ၁-၇-၂၀၂၃ ရက်က တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက် အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG အဖွဲ့မှ ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင် ကို ဖိတ်ကြားခဲ့မှုအပေါ် ခေါ်ယူသတိပေးပြောဆိုခဲ့သည်။

NUG အကြမ်းဖက်အဖွဲ့ဝင် ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင်အား ဖိတ်ကြားတက်ရောက်စေခဲ့သည့်ကိစ္စနှင့် တီမောလက်စ်တေသမ္မတမှ ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည့် ကိစ္စများနှင့် စပ်လျဉ်း၍ တီမောလက်စ်တေအစိုးရ၏ လုပ်ဆောင်ချက်အပေါ် ကန့်ကွက်ကြောင်းနှင့် ယင်းသို့တွေ့ဆုံမှုမျိုး နောင်တွင် မပြုလုပ်ရေး တိုက်တွန်းပြောကြားခဲ့ကာ ကန့်ကွက်သည့် သတိထောက်လွှာအား ပေးအပ်ခဲ့သည်။ 

အဆိုပါ သတိထောက်လွှာတွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG အား တီမောလက်စ်တေအစိုးရမှ ဖိတ်ကြားခဲ့မှုမှာ မြန်မာနိုင်ငံအတွင်း၌ ၎င်းအဖွဲ့အစည်းမှ ကျူးလွန်ဆောင်ရွက်နေသည့် အကြမ်းဖက်လုပ်ရပ်များအား အားပေးအားမြှောက်ပြုလုပ်ရာရောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များအား ဖောက်ဖျက်ရာလည်းရောက်ကြောင်းဖြင့် ဖော်ပြပါရှိသည်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့သည် ပြည်တွင်းရှိ ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များထံ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၆၀၀၀ ကျော်အထိ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment