မြောင်းမြမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ



MNP ၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်များကို သတိတရရှိစေရန်နှင့် စာပေဗဟုသုတ ပြည့်စုံနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


စာစီစာကုံးပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် အခြေခံပညာ အ.ထ.က ၃ ကျောင်းမှ အထက်တန်းပြဆရာ ဦးနန္ဒရဲလွင်က စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဥ်း များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့က အာဇာနည်နေ့နှင့် ပတ်သက်သည့် စာစီစာကုံးကို စိတ်ကြိုက်ခေါင်းစဉ်များဖြင့် ရေးသားယှဥ်ပြိုင်ကြကြောင်း သိရသည်။


ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် နိုင်ငံ့ခေါင်းဆောင် ကြီးများ၏ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိအောင် ကြိုးပမ်းဆောင်ခဲ့မှုများ၊ မျိုးချစ်စိတ်ဓာတ်ရှိစေရန်တို့ကို အသိပညာပေး ဟောပြောသည်။


ထို့နောက် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်သည်။ အခမ်းအနားအပြီး တွင်  ခင်းကျင်းပြသထားသော သုတရသ စာအုပ်စာစောင်များနှင့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ ကြောင်း သိရသည်။


ဝေဝေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)