ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ စာအုပ်ထုတ်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ စာအုပ်ထုတ်ဝေ



MNP ၊ ဇူလိုင် ၅

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့သော အမိန့်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နှစ်စဉ်ထုတ်ပြန်လျက်ရှိသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို စုစည်း၍ နှစ်အလိုက်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များ စာအုပ်ကိုထုတ်ဝေခဲ့ရာ ယခုအခါ ၂၀၂၂ ခုနှစ် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များကိုစုစည်း၍ စာအုပ်ထုတ်ဝေပြီးဖြစ်သည်။


“၂၀၂၂ ခုနှစ် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များ” စာအုပ်သည် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သော အမိန့်များနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများက ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုစုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် နည်းဥပဒေ (၉) ခု၊ လုပ်ထုံးလုပ်နည်း (၃) ခု၊ အမိန့် ပေါင်း (၈၀) နှင့် ကြေညာချက် (၃) ခုတို့ ပါဝင်သည်။


အဆိုပါ “၂၀၂၂ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များ” စာအုပ်သည် တရားဝင်ရည်ညွှန်း ကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် အသုံးဝင်သော စာအုပ်ကောင်း တစ်အုပ်ဖြစ်သည့်အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရှိ ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)