မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးရှိ အမှုထမ်းငယ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးရှိ အမှုထမ်းငယ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်



MNP ၊ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးရှိ အမှုထမ်းငယ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ကော်မရှင်ရုံးရှိ Conference Room ၌ ကျင်းပသည်။

အခမ်းအနားတွင် လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌက မုဒိတာစကားပြောကြားသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက စီမံရေးရာနှင့်ဘဏ္ဍာရေးဌာနရှိ ဝန်ထမ်းများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပြီး ကော်မရှင်အဖွဲ့ဝင်များက နိုင်ငံတကာဆက်ဆံရေးဌာနရှိ ဝန်ထမ်းများ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ဌာနရှိ ဝန်ထမ်းများ၊ e-Government ဌာနရှိ ဝန်ထမ်းများ၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဌာနရှိ ဝန်ထမ်းများ၊ ဥပဒေရေးရာဌာနရှိ ဝန်ထမ်းများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ရာ ဌာနအလိုက် အမှုထမ်းငယ်များကိုယ်စား ဌာနတာဝန်ခံများက လက်ခံကြသည်။

ထို့နောက် အမှုထမ်းငယ်များကိုယ်စား အမှုထမ်းတစ်ဦးက ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံများ၊ အမှုထမ်းများအားလုံး တက်ရောက်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment