ဗန်းမော်မြို့တွင်အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင်အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ






MNP ၊ ဇူလိုင် ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်) ၏ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဗန်းမော်မြို့နယ်၊ ခိုကျင်ကျေးရွာ၊ မြစိမ်းရောင်ခန်းမ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်ကခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးမျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားကုန်ထုန်လုပ်ငန်းများဆိုင်ရာ အသက်မွေးဝမ်းကျောင်းဆိုင်ရာကာလတိုသင်တန်းများကို ကျေးလက်နေပြည်သူများအား ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကျေးလက်နှင့် မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် ပညာရေးဆုံးခန်းတိုင်အောင် ဆက်လက်မသင်ယူနိုင်သောအမျိုးသမီးငယ်များနှင့် အိမ်ထောင်ရှင်အမျိုးသမီးများအား အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ပြီးလက်တွေ့လူမှုဘဝတွင် လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်၍ အိမ်တွင်းတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းငယ်များလည်း ထူထောင်လာနိုင်မည်ဖြစ်ကြောင်း သင်တန်းဆင်းပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသူ မဂျာဆိုင်းမွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်စိုးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခြင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက စက်ချုပ်သင်တန်းထွက်ကုန် ကုန်ချောပစ္စည်းများကိုပေးအပ်ခဲ့ရာ သင်တန်းသူများက လက်ခံရရယူခဲ့သည်။ ၎င်းအခြေခံ စက်ချုပ်နည်းပညာ သင်တန်းတွင် သင်တန်းသူ (၂၀) ဦးအား သင်္ဘောသားအင်္ကျီ၊ ရင်ဖြတ်ဆက်အင်္ကျီ၊ ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ ဘောင်းဘီ၊ ချိတ်ထဘီ၊ လေးလွှာစကတ်၊ သုံးလွှာစကတ်ချုပ် နည်းပညာများ သင်ကြားပို့ချခဲ့ပြီး (၁၉.၆. ၂၀၂၃ ရက်နေ့မှ ၁၈.၇.၂၀၂၃ ရက်နေ့အထိ) သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)