MNP ၊ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပခြင်းကိုယနေ့နံနက် (၁၁)နာရီက (အထက) ဇင်းကျိုက် ရတနာမွန်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများက အာရှသူရဲကောင်း တေးသီချင်းဖြင့် အဖွင့်သီချင်းသီဆိုခဲ့ပြီး နိုင်ငံတော်အလံနှင် ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး က လာမည့် ဇူလိုင် (၁၉) ရက်နေ့သည် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဖြစ်သည့်အတွက်ကျောင်းသား၊ကျောင်းသူများက စာစီစာကုံး၊ကဗျာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး နှင့် အထက်တန်းပြဆရာမ ဒေါ်မာမာအေးတို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့ပြီးကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့ပြင် ကျောင်းသား၊ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်၊စာစောင် ပြပွဲ၊ နံရပ်ကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအပြင် စာစီစာကုံး၊ကဗျာပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများ၏ ဆုရရှိထားသည့် မှတ်တမ်းများကို ပြသရာ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှု့အားပေးခဲ့သည်။ အဆိုပါ အခမ်းအနားကို စုစုပေါင်းလူဦးရေ (၅၀ဝ)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment