မန့်ဟီးရိုးမြို့တွင် ၂၀၂၃ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၂၅၀၇)ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန့်ဟီးရိုးမြို့တွင် ၂၀၂၃ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၂၅၀၇)ဧက စိုက်ပျိုးပြီးစီး



MNP ၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၃ ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၂၅၀၇)ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် လျာထားစိုက်ဧကထက် ပြည့်မှီကျော်လွန်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မန့်ဟီးရိုးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လျာထားစိုက်ဧကပြည့်မှီကျော်လွန်ရေးနှင့် စပါးအ ထွက်နှုန်း တိုးတက်ကောင်းမွန်ရေးတို့အတွက် မျိုးကောင်း၊ မျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးစိုက်ရက်အလိုက် အထွက်နှုန်းတိုးတက်ရေးအတွက် သုံးသင့်သော ဓာတ်မြေဩဇာအမျိုးအစားများနှင့် စပါးအဖျက်ပိုးမွှားများအန္တရာယ်အတွက်လည်း ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို စနစ်တကျ လမ်းညွှန်ဆောင်ရွက်ပေးလျက်ရှိပါသည်။ မန့်ဟီးရိုးမြို့ဒေသခံတိုင်းရင်းသားတောင်သူများသည် 016-စပါး၊ ဒေသရှမ်းမျိုးစပါး၊ ခယဆင်းရွှေလီစပါးမျိုး၊ တရုတ်စပါးမျိုးများဖြစ်‌သော DU-12နှင့် DU-16 စသည့် စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိကာ ၂၀၂၃ခုနှစ်၊ မိုးစပါး လျာထားစိုက်ဧက (၂၅၀၇)ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ဒေသခံပြည်သူများ ဆန်ရေစပါး ပေါကြွယ်ဝရေးအတွက် လျာထားစိုက်ဧကထက် ပြည့်မှီကျော်လွန် စိုက်ပျိုးနိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment