ကသာမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်





MNP ၊ ဇူလိုင် ၂၇      

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေပိုင်းကခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လ (၃)လစာအတွက် (၃၀၀၀၀)ကျပ်စီကို မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား (၃၄)ဦးတို့အား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်စီကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်စွာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)