MNP ၊ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်-မကွေး ကားလမ်းမတစ်လျှောက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည် - မကွေး ကားလမ်းမကြီးရှိ လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးထားသော ပန်းအလှပင်များအား ရေဖြန်းပေးခြင်း၊ မြို့အဝင်ဆိုင်းဘုတ်သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကားလမ်းမကြီးတစ်လျှောက် စွန့်ပစ်အမှိုက်သရိုက်များသိမ်းဆည်းခြင်း၊ တံမြက်စည်းလှည်း သန့်ရှင်းရေးများပြုလုပ်ခြင်းနှင့် စွန့်ပစ်အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းသိမ်းဆည်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့သန့်ရှင်းသာယာစေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment