MNP ၊ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျိန္တလီ နယ်မြေရဲစခန်းမှ စခန်းမှူး ဦးဗိုလ်ဗိုလ်ကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ညိုနှင့် တပ်ဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကိုကိုနိုင်နှင့်ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနိုင်မင်းအေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ သတ္တမရောင်ရှိန်ဘုန်းတော်ကြီးကျောင်း၊ စိတ္တသုခ ဘုန်းတော်ကြီးကျောင်း၊ မြို့ဦးတောင်ဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာမဟာဝိဟာရ ဘုန်းတော်ကြီးကျောင်း၊ လယ်တီဘုန်းတော်ကြီးကျောင်းနှင့် မြို့မဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ကျောင်းပတ်ဝန်းကျင်ရှိ မြက်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment