နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနား တက်ရောက်



MNP ၊   ဇူလိုင် ၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညောင်ကုန်းကျေးရွာ ခေတ်မီစံပြ ကျေးရွာ ထူထောင်ရေးစီမံကိန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်   ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစီးပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်း၍ အဆင့်အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းလာမှာဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျေးလက်ဒေသနေ ပြည်သူလူထုမှ ကိုယ်တိုင်ပိုင်ရှင်စိတ်ဓာတ်ဖြင့် စီမံခန့်ခွဲအကောင်အထည်ဖော်နိုင်ရန်၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ မိသားစုဝင်ငွေတိုပွားရေး လုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ၏ အောင်မြင်မှုအသီးအပွင့်များ စဉ်ဆက်မပြတ် တည်တံ့နိုင်စေရန်နှင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာအနေဖြင့် လည်း မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမျိုးမျိုး၊ လယ်ဝေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အုပ်ချုပ် ရေးမှူး ဦးဇင်မင်းကို၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့နိုင်နှင့် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်း၊ မြစိမ်းရောင်စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ကျေးရွာပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို ကြည့်ရှုအားပေးသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ညောင်ကုန်းကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ထွန်းထွန်းဝင်း 

 https://t.me/MyanmarNationalPost





No comments:

Post a Comment