MNP ၊ ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲ(၃)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က "လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့်လုပ်ငန်းစနစ်များ" စာအုပ်ပါ အချက်များထဲမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ စံသတ်မှတ်ချက် လုပ်ငန်းစနစ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းများအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသရမည့် အချက်များကို လည်းကောင်း၊ ရုံးအကူ ဒေါ်မေမြတ်ချိုက လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချီခြင်းတွင် လက်ကမ်းစာစောင်ပြုလုပ်ရာ၌ လုပ်ငန်းစနစ်များအကြောင်းကို လည်းကောင်း၊ ယာယီနေ့စား ဒေါ်မျိုးမီမီသက်က မြေစိုက်နံရံကပ်ပြဘုတ် ပြသဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစနစ်များအကြောင်းကို လည်းကောင်း တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို ဦးစီးအရာရှိက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းကို တစ်လလျှင် နှစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost





No comments:
Post a Comment