MNP ၊ ဇူလိုင် ၆
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ အဆိုပါ ကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု အားပေးပြီး MSME လုပ်ငန်းဖြစ်သော မိရိုးဖလာလုပ်ငန်းမှ ခေတ်မီတိုးတက်သော စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲထုတ်လုပ်နေသည့် 7-Top ငါးမုန့်လုပ်ငန်းအား လေ့လာအားပေးခဲ့သည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ အစိုးရရပ်ကွက်ရှိ မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ၎င်းကျောင်းတိုက်မှ ဆရာတော် ဉူးမဟိန္ဒ အားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထို့နောက် အဆိုပါကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများနှင့် ရဟန်းသံဃာတော်များကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူနေသူများကို ဆီ၊ ရေသန့်၊ ခေါက်ဆွဲ ခြောက်ထုပ်များနှင့်အတူ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက် ရှိ MSME လုပ်ငန်းတစ်ခုဖြစ်သည့် ငါးကွမ်းရှပ်ငါးတစ်မျိုးတည်းဖြင့်သာ ထုတ်လုပ်လျက်ရှိသော 7-Top ငါးမုန့် လုပ်ငန်းသို့ရောက်ရှိကာ မိုခါမုန်တိုင်းအပြီးကာလ လုပ်ငန်းရပ်တန့်မှုများမရှိဘဲ ဒေသထွက်ငါးမုန့်များကို ဆိုလာ အခြောက်ခံစက်ဖြင့်အခြောက်ခံပြီး မိရိုးဖလာလုပ်ငန်းမှ ခေတ်မီတိုးတက်သော စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲကာ စဉ်ဆက်မပြတ် ဆက်လက်ထုတ်လုပ်နေသည့် 7-Top ငါးမုန့်လုပ်ငန်း၏ ငါးမုန့်ထုတ်လုပ်မှု အဆင့်ဆင့်အား လေ့လာကြည့်ရှုအားပေးခဲ့ ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment