MNP ၊ ဇူလိုင် ၄
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး နှင့် တာ၀န်ရှိသူများနှင့် အတူယနေ့ နံနက်ပိုင်းက အထူးကုဆရာဝန်များက သာသနာ့ ဗိမာန် တော်ကြီးတွင် ပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး ဆေးကုသရန် လာ ရောက် ကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ် ၊ ဘုန်းတော်ကြီးကျောင်းများအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက သာသနာ့ ဗိမာန် တော်ကြီးတွင် ခွဲစိတ်အထူးကု ၊ကလေးအထူးကု ၊ သမားတော် ၊ သားဖွားမီးယပ် ၊အရိုးအထူးကု စသည့် ဆရာဝန် များက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ အား ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကာ လာရောက်ဆေးကုသမှုခံယူကြသော ပြည်သူများအား တာဝန်ရှိသူများက အာဟာရ ဖြည့်စွက် စာများထောက်ပံ့ပေးအပ်ခဲ့ကြသည် ။ အဆိုပါ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဒေသ ခံပြည်သူ ၄၅၀ ဦးခန့် လာရောက်ဆေးကုသမှုခံယူကြပြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေး အသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေ သော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦး ကံထွန်းအောင် နှင့် တာဝန်ရှိ သူများသည် မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော သုံးမိုင် လူငယ်ဖွံ့ဖြိုး ရေး ပရဟိတဘုန်းတော်ကြီးကျောင်း ၊ သန္တိသုခ ဘုန်း တော်ကြီးကျောင်း ၊ ဝေသာလီဘုန်းတော်ကြီးကျောင်း ၊ မကျည်းကုန်းကျောင်းတိုက် ၊ တပ်ဦးကျောင်းတိုက် များသို့ သွား ရောက်ကာ ကျောင်း ထိုင် ဆရာတော်များအား ဖူးမျှော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း နှင့်အခြား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment