ပေါက်တောမြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့်စာဖတ်ဝိုင်းပြုလုပ်




MNP ၊   ဇူလိုင် ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့်ပူးပေါင်း၍ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက စာဖတ်ဝိုင်းဆွေးနွေးကြသည်။


ရှေးဦးစွာ ပေါက်တော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များစာပေ ဖတ်ရှုသည့်အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ပေါက်တောမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်   Book Club အသင်း အဖွဲ့ဝင် မောင်မျိုးမြင့်အောင်၊မောင်မျိုးသန်းနိုင်၊မသန်းဌေး၊မစိုးစိုးဦးတို့က ​​စာရေးဆရာ ချစ်ဦးညိုရေးသားထားသည့် တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်း နှင့် ယဥ်ကျေးမှုမျက်နှာစာ ဖြင့်စာဖတ်ဝိုင်းဆွေးနွေးကြပြီး စာဖတ်ခြင်းဖြင့်သုတ၊ရသ ခံစားမှုကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်း ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၀)ဦး တက်ရောက်ဆွေးနွေးကြသည်။


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)