ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် စက်သုံးဆီ၊ စားသောက်ကုန် ပြတ်လပ်နေကြောင်း ဒေသခံဆရာတော်တစ်ပါး ဆက်သွယ် မိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် စက်သုံးဆီ၊ စားသောက်ကုန် ပြတ်လပ်နေကြောင်း ဒေသခံဆရာတော်တစ်ပါး ဆက်သွယ် မိန့်ကြား


MNP ၊ ဇူလိုင် ၂၂

ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် စက်သုံးဆီ၊ စားသောက်ကုန် ပြတ်လပ်နေပါသဖြင့် နိုင်ငံတော်တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဒေသခံ ဆရာတော်တစ်ပါးက မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ်၍ မိန့်ကြားသည်။

ဆရာတော် က "ကလေးမြို့နယ်တောင်ပိုင်း ပြည်သူ့စစ်ကျေးရွာများမှာ စက်သုံးဆီနဲ့ စားသောက်ကုန်ပစ္စည်း မရှိတော့ပါ၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြပေးပါ" ဟု မိန့်ကြားသည်။

စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်း ပြတ်လပ်နေသောကျေးရွာများမှာ ကျောက်ပြုတ်၊ ကြံသာ၊ အင်းကျွန်း၊ ကျောက်ဆည်၊ မန္တာ၊ သာယာဝတီ၊ လယ်ကြီး(အရှေ့)၊ လယ်ကြီး(အနောက်)၊ မြောက်ခင်ရန်း၊ ရွှေမေတ္တာ၊ ကုက္ကား၊ ဟံသာဝတီကျေးရွာများဖြစ်ပြီး စားသောက်ကုန် မရောက်သည်မှာ ၂လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများသည် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်း၍ KIA/PDF အကြမ်းဖက်အန္တရာယ်ကို ခုခံကာကွယ်နေသော ကျေးရွာများဖြစ်ပြီး ဒေသထွက်ကုန် ပဲများလည်း ရောင်းချနိုင်ခြင်း မရှိကြောင်း ဆရာတော်က မိန့်ကြားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)