မုဒုံမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်း ဖွင့်လှစ်






MNP ၊   ဇူလိုင် ၇

မွန်ပြည်နယ်  မုဒုံမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နိုင်လှုံကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဌာန၏လုပ်ငန်းစဥ်အကြောင်းအရာများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အိမ်တွင်းလက်မှုပညာရပ်များ တိုးပွားလာစေရန် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ခရိုင်ဦးစီးမှူးက သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။


သင်တန်းတွင် နည်းပြနှစ်ဦးက အိတ်ချုပ်နည်း (၁၀) မျိုးခန့်ကို  ၁၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသူ (၂၀) ဦး တက်ရောက် ကြောင်း သိရသည်။


သားငယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment