MNP ၊ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို၊ ကျောက်ကြီး-နတ်သံကွင်းကားလမ်းမပေါ်ရှိ ကွန်ကရစ်ပြွန်ပေါက် သဲကုန်းတံတားကို ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ KNU/PDF အကြမ်းဖက်သမားများက ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့၊ မအူပင်ဆိပ်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၁၅/၄)၊ အလျား ၅ ပေ အကျယ် ၄၀ ပေ၊ ကွန်ကရစ်ပြွန်ပေါက်သဲကုန်းတံတား (ဒေသအခေါ် ဖားကွ) ကို ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ KNU/PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် တံတား၏အလယ်မှာ ကျိုးကျပြီး ပြည်သူများဖြက်သန်းသွားလာရန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၆ ရက် ညနေ (၃) နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းရှိ လေးဖာတောတံတားကို KNU/PDF အဖွဲ့တိုမှ မိုင်းခွဲဖျက်ဆီးခဲ့ကြပြီး ဗုဒ္ဓဘာသာဝင်များ အမြတ်တနိုးပူဇော်သည့် ကျိုက်ထီးရိုးဘုရားကိုပါ KNU/PDF အကြမ်းသမားများက ဖျက်ဆီးမည်ဟူသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment