မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ


MNP ၊   ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ထူးချွန် ကျောင်းသား/ကျောင်းသူများနှင့်ဂုဏ်ထူးရရှိ‌‌အောင်သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့  နံနက်   ၁၀ နာရီက   ငုဝါဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာအခမ်းအနားကို ကျောင်းသား/ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စန်းက ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့်‌ ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ဒေါ်လှလှဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဦးရွှေရိုးနှင့်ဒေါ်မိုးသီချင်းဖြင့် သီဆိုကပြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 ရဲကိုမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment