MNP ၊ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး ဆောင်ရွက်နေစဉ် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများမှ ကောက်ကျစ်ယုတ်မာစွာ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုံခြုံရေးစခန်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း ယနေ့တိုင်အောင် နှိမ်နင်းဆောင်ရွက်ခြင်း မရှိပေ။
#MyanmarNationalPost
No comments:
Post a Comment