MNP ၊ ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade – 12 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်း(၆)ရက် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Grade – 12 (သင်ရိုးသစ်) ဘာသာရပ်အသီးသီးကို စတင်ပို့ချခဲ့သည်။
သင်တန်းတွင် နည်းပြအဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်(၆)ဦးက အတန်းတစ်ခုချင်းစီ၏ ဘာသာရပ်အသီးသီးကို ဆရာ၊ ဆရာမ (၅၀)ဦးအား ပို့ချပေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲကို ဇူလိုင်လ(၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment