အမရပူရမြို့အခြေခံပညာကျောင်းများတွင် ကြက်ခြေနီသင်တန်း ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြို့အခြေခံပညာကျောင်းများတွင် ကြက်ခြေနီသင်တန်း ဖွင့်လှစ်သင်ကြား





MNP ၊ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် ပညာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် ကြက်ခြေနီရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ယမန်နေ့က စတင်ပြီး သင်ကြားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကြက်ခြေနီရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို အမရပူရမြို့ အခြေခံပညာကျောင်းများတွင် အမရပူရမြို့နယ် ကြက်ခြေနီအသင်းက အရှေ့ခြမ်း၊ အနောက်ခြမ်းခွဲ၍ စနေ၊တနင်္ဂနွေနေ့များတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။ ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ၊ကျောင်းသား၊ကျောင်းသူ ၁၅၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


စိုးသီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)