နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမအသင်းသို့ ပံ့ပိုးချေးငွေများထုတ်ချေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမအသင်းသို့ ပံ့ပိုးချေးငွေများထုတ်ချေးပွဲ အခမ်းအနားကျင်းပ



MNP ၊ ဇူလိုင် ၁၀

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပေါင်မြို့နယ် တက်လန်းနွားမျိုးကောင်းမျိုးသန့် မွေးမြူရေးနှင့် ဝယ်ယူရောင်းချရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်သို့ ပံ့ပိုးချေးငွေများထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ ပေါင်မြို့နယ်သမဝါယမဦးစီးအရာရှိ အသင်းစုဥက္ကဌနှင့် တက်လန်းသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသားများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မွန်ပြည်နယ်အတွင်း ချောင်းဆုံ၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် နွားမွေးမြူရေးဆောင်ရွက်မည့် သမဝါယမအသင်း (၄) သင်းအား ဖွဲ့စည်းထားရှိပြီး အဆိုပါအသင်းများအနက် အသင်း(၃)သင်းကို တတိယအကြိမ်အဖြစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတက်လန်း သမဝါယမအသင်းကိုလည်း အသင်းအချင်းချင်း ပံ့ပိုးမှုအနေဖြင့် ပြည်နယ်သမဝါယမ အသင်းစုချုပ်မှ အသင်းပိုင်ငွေဖြင့် ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပံ့ပိုးချေးငွေကို အသင်းမှ ပြန်လည်ပေးဆပ်သည့်အခါတွင်လည်း မှန်မှန်ကန်ကန်တိတိကျကျ ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ အသင်းအချင်းချင်းမှသည် မိမိတို့အသင်းသားများအတွက် တစ်ဆင့်ပြီး တစ်ဆင့်တိုးမြှင့်၍ ချေးငွေလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌမှ ပံ့ပိုးချေးငွေပေးအပ်ခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ် တက်လန်းနွားမျိုးကောင်းမျိုးသန့ မွေးမြူရေးနှင့် ဝယ်ယူရောင်းချရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်သို့ နွားမွေးမြူရေးလုပ်ငန်းအတွက် နွားစာ၊ ဆေးဝါးနှင့် နွားခြံပြုပြင်တည်ဆောက်ရာတွင် လိုအပ်မည့် မတည်ပံ့ပိုးငွေကျပ် သိန်း (၃၀၀) အား Pilot အနေဖြင့် ပြည်နယ်သမဝါယမ အသင်းစုချုပ်မှ အသင်းအချင်းချင်း ပံ့ပိုးမှုအဖြစ် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)