MNP ၊ ဇူလိုင် ၁၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်(၁၀)နာရီက မာန်အောင် အ-ထ-က(ခွဲ) စျေးတန်း ကျောင်း၌ အသက် (၅) နှစ်နှင့်အထက် KG ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်း ကာကာကွယ်ဆေးမထိုးနှံမီ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးပြီး အသက်(၅)နှစ်နှင့်အထက်KGကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာသို့ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများက သွားရောက်ပြီးကျောင်းသား/သူများအား အဟာရမုန့်များ ပေးအပ်ကာ ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment