စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသည့် မြို့နယ်များတွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား ၁၄၆ ဦး စစ်ခုံရုံးဖြင့် စစ်ဆေးဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသည့် မြို့နယ်များတွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား ၁၄၆ ဦး စစ်ခုံရုံးဖြင့် စစ်ဆေးဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရ

 


MNP ၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ အလွန်အမင်းဆိုးသွမ်းလာသည့် အခြေအနေကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာခဲ့ရပြီး အဆိုပါ မြို့နယ်များတွင် ဖမ်းဆီးရမိ အကြမ်းဖက်သမား ၁၄၆ ဦးကို စစ်ခုံရုံးတွင် စစ်ဆေးပြီး ပြစ်ဒဏ်များချမှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


ယမန်နေ့က ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်တွင် ပြည်သူများအထင် အမြင်လွဲမှားစေရန် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် Profile ပုံတင်ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်သတင်းများအား Post တင်ခြင်း၊ Share များ ပြုလုပ်ခဲ့သူ တရားခံ ခင်ရတုငယ် အား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အလုပ်နှင့်ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။


ထို့အတူ ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဝင်သောနည်းလမ်းဖြစ်စေ၊ တရားမဝင်သော နည်းလမ်းဖြစ်စေ ငွေနှင့်ပစ္စည်းများကို PDF အကြမ်းဖက်အဖွဲများ အသုံးပြုရန် ရည်ရွယ်၍ ထောက်ပံ့ခြင်း၊  PDF အကြမ်းဖက်အဖွဲများ၏ လှုပ်ရှား သွားလာနေထိုင်မှုများအား သိရှိပါလျက် လုံခြုံရေးအဖွဲ့များထံ အကြမ်းဖက်သမားများရှိကြောင်း သတင်းပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ စည်သူအောင်(ခ) ငပေါ အား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ) အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။


ထို့အတူ ရွှေဘိုမြိုနယ်တွင် နေထိုင်လျက်ရှိပြီး တရားဝင်သောနည်းလမ်းဖြစ်စေ၊ တရားမဝင်သော နည်းလမ်းဖြစ်စေ ရိက္ခာ၊ ငွေနှင့် ပစ္စည်းများကို ကောက်ခံကာ PDFအကြမ်းဖက်အဖွဲများ အသုံးပြုရန် ရည်ရွယ်၍ ထောက်ပံ့ခြင်း၊ လက်နက်ကိုင် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည့် PDF အကြမ်းဖက်အုပ်စုတွင် သိလျက်နှင့် ပါဝင်ဆောင်ရွက်ခဲ့သူ တရားခံ မျိုးဆွေအား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံး ဖြင့် စစ်ဆေးခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံဖန်တီး ဝါဒဖြန့်ချိမှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရနိုင်ကြောင်း ကြိုတင်အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သော်လည်း နီပိန်းများမှာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်များကို စဉ်ဆက်မပြတ် ကျူးလွန်နေခြင်းကြောင့် ဖမ်းဆီးအရေးယူခံခဲ့ရခြင်းဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)