နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်



MNP ၊ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ စပါးမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စာရံအိုင့်ကျေးရွာတွင် ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြသည်။


အဆိုပါနွေစပါးစံကွက်ရိတ်သိမ်းခြင်းကို နတ်မောက်မြို့နယ် ကျောက်တံခါးဆည်ရေသောက် ပ/လက်ခုပ်ပင် ကျေးရွာအုပ်စု စာရံအိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၆) ရှိ တောင်သူ ဦးသန်းရွှေ၏ နွေစပါးမျိုးဖြစ်သည့် ရတနာတိုးစပါးမျိုးကွဲတစ်ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်း အစိုထွက်တင်း (၁၁၈) တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ထံက သိရသည်။


နတ်မောက်မြို့နယ်အတွင်း နွေစပါး (၁၆၃၁)ဧကစိုက်ပျိုးခဲ့ပြီး ယနေ့အထိ နွေစပါး(၁၀၁၁) ဧကရိတ်သိမ်းနိုင်ခဲ့ပြီးဖြစ်သည်။  နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ အသုံးချမှုနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ကြပ်အဖွဲ့ဝင်များနှင့် တောင်သူ (၃၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)