ဒုတိယမြိုင်ကြီးငူဆရာတော် (သို့မဟုတ်) ဥယာဉ်မှူး ဦးဝါသဝ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယမြိုင်ကြီးငူဆရာတော် (သို့မဟုတ်) ဥယာဉ်မှူး ဦးဝါသဝ



ရေဦးခရိုင်၊ တန့်ဆည်မြို့နယ် ဆိုတာ ပြည်သူအများသိကြတဲ့ ဒေသတည်ငြိမ်အေးချမ်းရေးမှာ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်)ရဲ့ ဇာတိရွာ ဖြစ်ပါတယ်။ ဆရာတော်ဟာ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာမှာ သီတင်းသုံးနေထိုင်ပြီး KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကယ်တင်စောင့်ရှောက်နေတဲ့ ဂယက်က မူးခွကျေးရွာမှာ နေထိုင်တဲ့ ဆရာတော်ရဲ့ ခမည်းတော်၊ မည်းတော်ကြီးတို့ကို ရိုက်ခတ်ပါတယ်။ မူးခွရွာမှာလည်း NLD အစွန်းရောက်အုပ်စု က PDF လို့ တစခန်းထပြီး ရွာသူရွာသားအချင်းချင်း ရန်ပြုစော်ကားလာတဲ့အခြေအနေမျိုးတွေ ရှိပါတယ်။ အဆိုးဆုံးအခြေအနေကတော့ ဆရာတော်ဦးဝါသဝ ရဲ့ ခမည်းတော်၊ မယ်တော်တို့၏ နေအိမ်ရဲ့ မျက်စောင်းထိုးက NLD အစွန်းရောက် PDF အကြမ်းဖက်သမားရဲ့ နေအိမ်ပဲ ဖြစ်ပါတယ်။

ဆရာတော်ရဲ့ မယ်တော်ကြီးနဲ့ အမတွေက ဖုန်းတွေဆက်ပြီး တားကြတယ်။ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးလည်း မလုပ်ပါနဲ့။ ဘယ်သူ့ကိုမှလည်း ကယ်တင်မထားပါနဲ့။ ကူညီနိုင်တာရှိရင် ကူညီပေးလိုက်ပါ အစရှိသဖြင့် ဆရာတော့်အတွက် စိုးရိမ်လို့ တားမြစ်ကြတာ ဖြစ်ပါတယ်။ ဆရာတော် က မယ်တော်ကြီးကို စောဒကမတက်ပေမယ့် အမတွေကိုတော့ အဲဒီစကားတွေ ပြောမှာဆိုရင် ငါ့ဆီ ဖုန်းမဆက်နဲ့လို့ ငေါက်ထားပါတယ်။

အဲဒီလိုနဲ့ ဆရာတော်ဟာ အကြမ်းဖက်အန္တရာယ် တားဆီးကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်လာတဲ့အခါ သူ့ဇာတိရွာလေးကိုလည်း ပြည်သူ့စစ်အဖွဲ့ သွားရောက်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်ရပါတော့တယ်။ ရွာထဲမှာ အေးအေးဆေးဆေး နေမယ်ဆိုရင်နေ၊ မနေဘူးဆိုရင် ရွာပြင်ထွက် ပြတ်ပြတ်သားသား ရှင်းခဲ့ရပါတယ်။ ဆရာတော်ရဲ့ လက်သုံးစကားကတော့ နီနီ၊ စိမ်းစိမ်း ကိုယ့်ရွာကိုယ် မဖျက်ဆီးနဲ့ ဆိုတာပါပဲ။ အဲဒီလိုနဲ့ မူးခွကျေးရွာမှလည်း PDF အကြမ်းဖက်အန္တရာယ်ကာကွယ်နိုင်ရေး ပြည်သူ့စစ်ဖွဲ့စည်းပေးခဲ့ပါတယ်။ 

ဆရာတော်ရဲ့ ဇာတိမူးခွကျေးရွာဟာ ဘာသာရေးအပေါ် အလေးထားကြသလို၊ ပညာရေးအပိုင်းမှာလည်း အထက်တန်းကျောင်းခွဲရှိတဲ့ စံပြကျေးရွာဖြစ်ပါတယ်။ ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ပြီးတဲ့အချိန်မှာ ပိတ်ထားရတဲ့ စာသင်ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီတော့မှ ဆရာတော်ရဲ့ အမတွေနဲ့ စကားပြန်ပြောပါတယ်။ ကျောင်းဖွင့်လှစ်နိုင်ဖို့ လိုအပ်တဲ့ကိစ္စတွေကို ဆရာတော်က ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။ လိုအပ်တဲ့ ဆရာ/ဆရာမ ရရှိဖို့လည်း ကြိုးပမ်းဆောင်ရွက်ပေးပါတယ်။

ရွာထဲက ထွက်သွားတဲ့ နီပိန်း PDF အကြမ်းဖက်သမားတွေဟာ ဘယ်လောက်တောင် ဆိုးသလဲဆိုရင် ရွာထဲမှာ ပဋ္ဌာန်းပွဲ ကျင်းပတာကို ဒရုန်းနဲ့ ဗုံးလာပစ်ချတယ်။ ရွာအဝင်အထွက်လမ်းတွေမှာ မိုင်းလာထောင်တယ်။ စာသင်ကျောင်းဖွင့်တော့လည်း စာသင်ကျောင်းပေါ်ကို ဒရုန်းနဲ့ ဗုံးလာချတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ရွာလုံခြုံရေး နေ့ညမပြတ် တာဝန်ယူဆောင်ရွက်ကြရပါတယ်။ ကျောင်းဖွင့်ချိန်မှာလည်း ကျောင်းလုံခြုံရေး အလှည့်ကျ တာဝန်ယူပြီး PDF အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ခဲ့ကြရပါတယ်။

ဒီကနေ့ ဆရာတော်ဦးဝါသဝ ထံက ပေးပို့လာတဲ့ သတင်းတစ်ပုဒ်ကတော့ တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာအုပ်စု၊ မူးခွကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကျောင်းသား/သူ ၃၀ ဦး ဖြေဆိုရာတွင် ၂၇ ဦးအောင်မြင်ခဲ့ပါတယ်။ ၂၇ ဦးမှာ လေးဘာသာဂုဏ်ထူးရှင် မခိုင်ဇင်မွန်၊ နှစ်ဘာသာဂုဏ်ထူးရှင်များမှာ မောင်သူရ၊ မောင်ဆိုင်ဖြိုးဝေ၊ မဒေလီဝင်း၊ မမြတ်ကေခိုင်၊ တစ်ဘာသာဂုဏ်ထူးရှင်များ ၉ ဦး ထူးချွန်စွာ အောင်မြင်ခဲ့ကြပါတယ်။ အောင်မြင်တဲ့ ကျောင်းသားစုစုပေါင်း ၂၇ ဦး၊ ဂုဏ်ထူးရှင် သားငယ်/သမီးလေးများအား ဂုဏ်ပြူပွဲ ကျင်းပပြုလုပ်ပေးခဲ့တဲ့ အခမ်းအနားပုံရိပ်တွေပဲ ဖြစ်ပါတယ်။

မူးခွကျေးရွာမှာ ဆရာတော်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ကျောင်းပြန်ဖွင့်နိုင်ခဲ့တယ်။ KIA/PDF အကြမ်းဖက်သမားတွေရဲ့ ကျည်ဆံသံ၊ ဗုံးသံတွေကြားမှာ ပညာသင်ယူကြတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ ဒီလို အောင်ချက်မျိုးဟာ ရှာမှရှားပါပဲ။ ရာနှုန်းပြည့် နီးပါးအောင်မြင်သလို ဂုဏ်ထူးရှင်တွေလည်း ထွက်ပေါ်လာတာဖြစ်တဲ့အတွက် ဆရာတော်အနေနဲ့ ဝမ်းမြောက်ပီတိဖြစ်ပြီး အခုလို ဂုဏ်ပြုပေးတာပဲ ဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်ဟာ ယနေ့တိုင်အောင် တည်ငြိမ်အေးချမ်းပြီလို့ မပြောနိုင်သေးပါဘူး။ တချို့သော ကျေးရွာတွေမှာ စာသင်ကျောင်းတွေ မဖွင့်နိုင်သေးပါဘူး။ စာသင်ကျောင်းတွေမှာ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေက စာသင်ကျောင်းကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေတာမျိုးတွေလည်း ရှိပါတယ်။ ဆရာတော်ဦးဝါသဝ ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ကျွန်းလည်၊ ကဘဲ၊ မူးခွ အစရှိတဲ့ ကျေးရွာတချို့မှာတော့ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ကိုယ်တွေ့ခံစားခဲ့ရပြီးချိန်မှာ ပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်နေကြတဲ့ ရဲရင့် ပြတ်သားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ရှိနေပါတယ်။

ကိုယ်ချင်းစာလို့ ရပါတယ်။ ကိုယ့်ရွာထဲက နီပိန်းက အကြမ်းဖက်သမားဖြစ်ပြီး ကိုယ့်ရွာသူရွာသားအချင်းချင်း ရက်စက်ယုတ်မာတာကို ခံခဲ့ရတဲ့သူတွေမှာ ဘယ်လိုသည်းခံနိုင်မလဲ။ လက်နက်မဲ့ အခြေအနေမျိုးမှာ KIA/PDF တွေရဲ့ ရန်ပြုစော်ကားမှုကြောင့် ဆရာတော်ဦးဝါသဝ ကျောင်းကို တိမ်းရှောင်နေထိုင်ခဲ့ကြရတယ်။ ဆရာတော်ကျောင်းမှာပဲ ပြည်သူ့စစ်သင်တန်းတက်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်ကာကွယ်ကြတယ်။ KIA/PDF ဘယ်လို အကြမ်းဖက်သမားမျိုးပဲလာလာ အဲဒီက ပြည်သူ့စစ်တွေက အလွတ်မပေးတော့ဘူး။ ရွာထဲ အဝင်မခံတော့ဘူး။ တည်ငြိမ်အေးချမ်းရေးအတွက် ဆရာတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှု၊ ဒီနယ်မြေမှာ တာဝန်ကျတဲ့ တပ်မတော်အရာရှိများအနေနဲ့ တည်ငြိမ်အေးချမ်းမှုကိုလိုလားတဲ့ ပြည်သူများနဲ့ တသားတည်း ရှိတဲ့ အခြေအနေကို ပြဆိုနေပါတယ်။

ဆရာတော်ဦးဝါသဝ ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ကျေးရွာတွေကို လှည့်လည်စည်းရုံးတဲ့အခါ KIA/PDF အကြမ်းဖက်သမားတွေက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်တာကိုလည်း ခံရဖူးတယ်။ မိုင်းဆွဲတိုက်ခိုက်တာ ၅ကြိမ် အထိ ခံခဲ့ရပြီးပြီ။ ဆရာတော်ကတော့ ရှေ့ဆက်တိုးနေဆဲပဲ။ ကျွန်တော်တို့ ကန့်ဘလူကို သွားရောက်ခဲ့စဉ်က ဆရာတော်ရဲ့ တပည့်တွေက ပြောတယ်။ ကျွန်တော်တို့ ဆရာတော်က "ဒုတိယမြိုင်ကြီးငူဆရာတော်"ပဲတဲ့။ ဆရာတော်သာ ဦးမဆောင်ဘူး၊ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် လုပ်ဆောင်မပေးခဲ့ဘူးဆိုရင် ပြေးစရာ မြေကို မရှိဘူး။ ဆရာတော်က အသက်နဲ့ ခန္ဓာကို ပဓာနမထား အကြမ်းဖက်ဘေးအန္တရာယ်တွေကြားမှာ အပြေးအလွှား သွားလာလှုပ်ရှားရင်း အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခြင်း၊ ဒေသခံ ပြည်သူများ သွားလာရေး လွယ်ကူစေရန် တံတားများ ဆောက်လုပ်ပေးခြင်း၊ ဒေသခံ ကလေးငယ်များ လမ်းမှားမရောက်အောင် ပညာဆက်လက် သင်ယူနိုင်ဖို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ပေးခြင်း အစရှိသော ဆရာတော်ရဲ့ ကြိုပမ်းဆောင်ရွက်ခဲ့သမျှဟာ သာဓုခေါ်ထိုက်တဲ့ တိုင်းပြု ပြည်ပြု သာသနာပြု လုပ်ငန်းတွေပါပဲ။ ဆရာတော် စိုက်ပျိုးခဲ့တဲ့ အပင်တွေက အသီးအပွင့်တွေ မြင်တွေ့ရတော့ ဆရာတော်နဲ့အတူ ထပ်တူ ပီတိဖြစ်ရပါကြောင်း။  ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)