အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရခိုင် ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများ တတိယအကြိမ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ရခိုင် ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများ တတိယအကြိမ်လှူဒါန်း


MNP ၊ ဇူလိုင် ၁၀

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ တတိယအကြိမ် လှူဒါန်းရန်အတွက် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။

အဆိုပါ လှူဒါန်းပစ္စည်းများ ဖြစ်သည့် စားအုန်းဆီ ၁၀၀ ပိဿာ၊ ကြက်ဥ ၁၀၀၀ လုံး၊ ငါးပိ/ငံပြာရည် ၄၀၀ ပိဿာ၊ ငါးနီတူခြောက် ၂၅၀ ပိဿာ၊ ကြက်သွန်နီ ၂၀၀ ပိဿာ၊ အာလူး ၂၀၀ ပိဿာ၊ ခေါက်ဆွဲခြောက် ၂၀၀ ဖာတို့ကို တိုင်းစစ်ဌာနချုပ်မှ မော်တော် ယာဉ်များဖြင့် သယ်ဆောင်၍ ပုသိမ်မြို့မှ ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းသို့ ပို့ဆောင်ပြီး ၎င်းမှတစ်ဆင့် မြစ်ကြီးနားရေယာဉ်ဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)