အရာတော်မြို့နယ်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမား ၁၃ဦး အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမား ၁၃ဦး အသေဖမ်းဆီးရမိ

 


MNP ၊ ဇူလိုင် ၂၆

အရာတော်မြို့နယ်၊ ရဲချင်း(မြောက်)ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁၃ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

အကြမ်းဖက်သမားများထံမှ KIA ထုတ်သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ Drop Bomb ၃  လုံး၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့်( ၁ ပိဿာခန့်) ၁ ထုပ်၊ ဒီတိုနေတာ ၁၀ ခု၊ မိုင်းရီမုခလုတ် ၄ ခု၊ ၁၂ ဗိုဘတ္တရီအိုး ၇ လုံး၊ ဆေးပစ္စည်းမျိုးစုံ ၁ ထုပ်၊ မော်တော်ယာဉ် ၁ စီး၊ လူနေတဲ ၄ လုံး ရှိသော အကြမ်းဖက်စခန်းကိုပါ ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စခန်းတွင် အကြမ်းဖက်သမား ၄၀ ဦးခန့်ရှိပြီး တောလမ်းမှ ထွက်ပြေးသွားကြပြီး မုံရွာ၏အရှေ့မြောက် ဘုတလင်ဘက်သို့ တိမ်းရှောင်၍ ဆေးကုသနေကြောင်း သတင်းရရှိသည်၊၊

NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် အရာတော်မြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)