MNP ၊ ဇူလိုင် ၂၆
ရှမ်းပြည်(မြောက်ပိုင်း) နမ့်ပေါ်စခန်းအနောက်တောင်ဘက်တွင် TNLAအကြမ်းဖက်အဖွဲ့ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၃ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားများထံမှ RPG ၁ လက်၊ M-22 ၁ လက်၊ ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၁၇ တောင့်၊ အီကွေးမန့် ၁ စုံ၊ ကျည်ကာဦးထုပ် ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
TNLA သည် KIA အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုမရှိစေရန် ရှင်းလင်းဆောင်ရွက်နေရခြင်း ဖြစ်သည်။
#MyanmarNationalPost

No comments:
Post a Comment