ဖမ်းဆီးရမိထားသော ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများကို ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိထားသော ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများကို ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ ဇူလိုင် ၁၄

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းရှိ ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထံ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိရာ အကြမ်းဖက်လှုပ်ရှားမှု၊ အကြမ်းဖက်လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့သူများထဲမှ ဖမ်းဆီးရမိထားသူ တချို့ကို ၁၃-၇-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။


မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်အဖွဲ့များတွင် သင်တန်းတက်ရောက်ခဲ့ခြင်းနှင့် ပတ်ဆက်ဆက်နွယ်မှုရှိခြင်း၊ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများအား သိရှိသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးပိုရန် ပျက်ကွက်ခဲ့သူ တရားခံ ဇင်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း)  ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရသည်။


ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်း၊ ပညာရေးဝန်ထမ်းအဖြစ်မှ CDM ပြုလုပ်ကာ အငှားယာဉ်ပြေးဆွဲခြင်းများ ပြုလုပ်စဉ် PDF အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်၍ တပ်မတော်ယာဉ်တန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာခြင်းများအား သတင်းပေးပို့ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ မျိုးမောင်မောင်ဆွေ အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ် လိုက်ကြောင်း သိရှိရပါသည်။


ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်မှုများဆောင်ရွက်ခြင်းနှင့် PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်၍ အလှူငွေများ ကောက်ခံကာ အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ရန် လက်လုပ်မိုင်း၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများအား လက်ဝယ်ထားရှိသူ တရားခံ တင်နွယ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်၊ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်၊ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ်(သီးခြားစီ) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDFအကြမ်းဖက်သမားများနှင့် ဆက်သွယ်ကာ လုံခြုံရေး အဖွဲ့များ၏ လှုပ်ရှားသွားလာမှုများအား သတင်းပေးခြင်းများနှင့် PDF အကြမ်းဖက်အဖွဲ့များရှိသည်ကို သိရှိပါလျက် တာဝန်ရှိသူထံ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ခင်စိုးရွှေ(ခ)စိုးစိုး အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာတွင်  PDF အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်ကြောင်း ၎င်းကိုင်ဆောင်သော ဖုန်းအတွင်းမှ အထောက်အထား များနှင့်တူ ဖမ်းဆီးရမိသူ တရားခံ သန်းထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


နီပိန်း PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး လှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော်လည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံစဉ် အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် ပြည်သူများကို သတ်ဖြတ်နေသော NUG, PDF အကြမ်းဖက်အဖွဲ့များကို အသိအမှတ်မပြုကြောင်း သူမ၏ သဘောထားကို ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ပြည်ပြေး ဝရမ်းပြေး NUGအကြမ်းဖက်အဖွဲ့ဝင်များနှင့် ပြည်ဖျက်မီဒီယာများ ဖြစ်သည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော မီဒီယာများမှ ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထားကို လက်မခံနိုင်ဘဲ ဂယက်ထလျက်ရှိသည်။


ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများမှ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်၍ ပြည်သူများကို လုပ်ကြံဖန်တီး မှိုင်းတိုက်၍ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်များ ကျူးလွန်ပြီး ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများထံမှ အလှူခံ၍ လုပ်စားနေကြခြင်းဖြစ်သဖြင့် ၎င်းတို့၏ အကြမ်းဖက်လမ်းစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်မပြုသောအခါ ဂယက်ထနေကြခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)