MNP ၊ ဇူလိုင် ၆
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော မီဒီယာများ၏ လုပ်ကြံဖန်တီး ရေးသားလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်သမားများ ထဲမှ ဖမ်းဆီးရမိသူတချို့ကို ယမန်နေ့က သက်ဆိုင်ရာ တရားရုံးများတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ(တောင်ရွာ)တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် PDF အကြမ်းဖက်များ၏ ဆောင်ရွက်မှုများ၊ အကြမ်းဖက်အားပေး မီဒီယာများ၏ ရေးသားထားသော စာသားများအား ပြန်လည်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ငြိမ်းထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ထို့အတူ ဟုမ္မလင်းမြို့နယ်၊ ထိန်ကင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး မြိုနယ်အတွင်း လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲဖျက်ဆီးခဲ့သူ တရားခံ စိုးသန်း(ခ)ပီလုံးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြိုနယ်အတွင်း လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲဖျက်ဆီးခဲ့သူ တရားခံ ဝေလင်းဦး(ခ)ပါကြီးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။
ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများကို လိုက်ပါ ဖြန့်ဝေခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လိုက်ပါလုပ်ဆောင်ခြင်း မပြုလုပ်ရန် သတိပေးတားမြစ်ထားသော်လည်း ဆင်ခြင်တုံတရား ကင်းမဲ့သော နီပိန်းများမှာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေကြပြီး ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများ၏ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ပြန်လည်ဖြန့်ဝေခြင်း၊ ကူးယူဖော်ပြခြင်းများကြောင့် နေ့စဉ် ဖမ်းဆီးထိန်းသိမ်း အရေးယူဆောင်ရွက်လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment