MNP ၊ ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဗန်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာ၊ ဆရာမများက ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရခြင်းမရှိသေးသည့် ကျောင်းသား၊ကျောင်းသူများကို First Dose ထိုးနှံပေးခြင်း နှင့် First Boster , Second Boster ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အခြေခံပညာရေးဌာန၊ အ.ထ.က(၂)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment