MNP ၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် SRI နည်းပျိုးသက်နုကောက်ကွက်ကြဲစနစ်ဖြင့် ပျိုးထောင်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လက်တွေ့သရုပ်ပြပျိုးထောင်ခြင်းသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးနှင့် မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
SRI နည်းပျိုးသက်နုကောက်ကွက်ကြဲစနစ်ဖြင့် မှော်ဘီကောက်ညှင်းမွှေးစပါးမျိုးကို လက်တွေ့သရုပ်ပြပျိုးထောင်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် မျိုးစေ့သက်သာခြင်း၊ ပြုစုစောင့်ရှောက်ရလွယ်ကူသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး ၎င်းပျိုးပင်ကို ပျိုးသက် ၁၂ ရက်မှ ၁၅ ရက်သက်တမ်း ကာလအတွင်း ရောက်ရှိပါက စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment