MNP ၊ ဇူလိုင် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ(၁၀)ရွာအား တစ်ရွာလျှင်ထောက်ပံ့ငွေသိန်း(၁၅၀)ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ပေးသွားမည့် ကျေးရွာများအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းကို ဇူလိုင်လပထမအပတ်အတွင်း သာဓုကန်ကျေးရွာအုပ်စု၊ ကီလား(အနောက်)ကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ကွင်းဝိုင်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ကျန်ကျေးရွာများကိုလည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြူးမြို့နယ်အတွင်း ကျေးရွာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏အဓိကလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကိုရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာတွင်းလမ်းတံတားများ၊ မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်သွာနိုင်ရေးဖြစ်ကြောင်း ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်ထံမှ သိရသည်။
ထို့သို့ကျေးရွာ(VDP)စီမံကိန်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့်ကျေးရွာနေပြည်သူများမှ ကျေးရွာ(VDP)စီမံကိန်းလုပ်ငန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်နေကြောင်း သိရသည်။
နေမျိုးလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment