MNP ၊ သြဂုတ် ၁၄
မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဒုတိယအကြီးအကဲ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ၈-၈-၂၀၂၃ ရက်မှ ၁၁-၈-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာအကြီး အကဲများ (26th DGICM ) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၆) ကြိမ်မြောက် အာဆီယံ အဓိက လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်များ၏ အကြီးအကဲများဖိုရမ် (6th AMICF) ၊ (၂) ကြိမ်မြောက် လူမှောင်ခိုကူးခြင်းနှင့် ပတ်သက်သည့် အထူးပြုဌာနများ၏ အကြီးအကဲများ အစည်းအဝေး (2nd HSU)၊ (၁၈)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ထောက်လှမ်းရေးဆိုင်ရာဖိုရမ် (18th AIIF) ၊ (၁၈) ကြိမ် မြောက် DGICM နှင့် သြစတြေးလျနိုင်ငံ ဆွေးနွေးမှု၊ (၂) ကြိမ်မြောက် DGICM နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ (DGICM+3) ဆွေးနွေးမှု တို့သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၂၆) ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာ အကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၌ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဒုတိယအကြီးအကဲ ဦးသန်းထွေး က လူဝင်မှုကြီးကြပ်ရေး၊ ကောင်စစ်နှင့် နယ်စပ်ရေးရာ စီမံခန့်ခွဲမှုကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု၊ Intelligence Data Sharing Protocol (IDSP) အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နည်းပညာအခြေခံ လူဝင်မှုကြီးကြပ်ရေးစနစ်များနှင့် လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး (TIP) ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်စေရန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။ ဗီဇာကင်းလွတ်ခွင့်၊ အီလက်ထရွန်းနစ်ဗီဇာနှင့် ဆိုက်ရောက်ဗီဇာ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ဆိပ်ကမ်းနှင့် နယ်စပ်စစ်ဆေးရေးဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ Integrated Database Control Reporting System (IDCRS) ဆိုင်ရာ ကိစ္စရပ်များကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
(၁၈) ကြိမ်မြောက် DGICM နှင့် သြစတြေးလျနိုင်ငံ ဆွေးနွေးမှု၊ (၂) ကြိမ်မြောက် DGICM နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ (DGICM+3) ဆွေးနွေးမှုများတွင် အရှေ့အာရှဒေသနှင့် ဒေသအလွန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်ဦးတည်ချက်များကို ဆွေးနွေးခဲ့သည်။ အာဆီယံ၏ အချက်အချာကျမှု မူနှင့်အညီ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် အသင့်ရှိနေမှုကို မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံရုံးဒုတိယအကြီးအကဲ က ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment