ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်







MNP ၊ သြဂုတ် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ  အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို သြဂုတ် ၁၄ ရက် နံနက် ၉ နာရီက နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနေသွယ်ကြည် ၏ ခွင့်ပြုချက်အရ အခမ်းအနားစတင်ခဲ့ပြီး စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်း နေရာယူကာ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။

ဆက်လက်ပြီး ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနေသွယ်ကြည် က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ဝင်စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါဘာသာရပ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲသို့  ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနေသွယ်ကြည် ၊ ဒုတိယပါမောက္ခချုပ် ဆရာကြီးများ၊ ပါမောက္ခ (ဌာနမှူးများ)၊ ပါမောက္ခဆရာမကြီးများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သြဂုတ် ၁၄ ရက်မှ ၁၅ ရက်နေ့အထိ ပြုလုပ်မည့် ပြိုင်ပွဲတွင် အားကစားအသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)