ပြည်ပြေး ဝရမ်းပြေး NUGအကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စခန်းအဖြစ် ဆောင်ရွက်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUGအကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စခန်းအဖြစ် ဆောင်ရွက်နေသည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ရှင်းလင်း









MNP ၊ သြဂုတ် ၁၄

ဝက်လက်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF အကြမ်းဖက်သမားများ စခန်းပြုလုပ်နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းအား ယမန်နေ့က ဝင်ရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ရာမှ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရမိခဲ့သည်။

PDF အကြမ်းဖက်သမားများ စခန်းချနေသော ဘုန်းကြီးကျောင်းမှ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်းမျိုးစုံ ၄၅ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၃ လုံး၊ ယမ်းမှုန့် ၂၀ ပိဿာ၊ VIGOအမျိုးအစား 4Wကား ၁ စီး၊ အိုင်ကွန်အားသွင်းခုံ(မကောင်း) ၁ ခုတို့အား သိမ်းဆည်းရရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး NLD ဦးဆောင်သူများဖွဲ့စည်းထားသည့် NUG အကြမ်းဖက်အဖွဲ့သည် အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ရာတွင် သံဃာတော်များကို သတ်ဖြတ်ရုံမျှမက ဗုဒ္ဓဘာသာဝင်တို့၏ သာသနိက အဆောက်ဦများကိုပါ အကြမ်းဖက်လှုပ်ရှားမှုအတွက် အသုံးချနေကြခြင်းဖြစ်သည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)