MNP ၊ ဩဂုတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၂၉၅၃ ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး လျာထားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၂၉၅၃ ဦးအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များဖွဲ့၍ အခြေခံပညာကျောင်းများအရောက် လျာထားထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများနှင့် သာစည်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၄၂၆ ဦးအား ကာကွယ်ဆေးထိုးအဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားရောက်ထိုးနှံပေးခဲ့သည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားစေသည့် သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်ပြီး ယခုထိုးနှံပေးသည့် ကာကွယ်ဆေးသည် သားအိမ်ခေါင်း ကင်ဆာရောဂါပိုး အမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ထွန်းလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment