ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှင်းလင်းပြောကြား



MNP ၊ ဩဂုတ် ၂၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် တာချီလိတ်နယ်စပ်ကုန်သည်များအသင်းတို့မှ အသင်းဝင်များကို ယနေ့ညနေပိုင်းတွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ပို့ကုန်မြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပို့ကုန်ဈေးကွက်ကို ထိုင်းနိုင်ငံဈေးကွက်အပြင် လာအိုနှင့် တရုတ်နိုင်ငံသို့ပါ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် တစ်ဖက်နိုင်ငံ ဆက်စပ်ပြည်နယ်များသာမက အခြားပြည်နယ်များအထိ မိမိပို့ကုန်များ ဖြန့်ကျက်တင်ပို့နိုင်ရေး၊ တတိယနိုင်ငံများသို့ပါ မိမိကုန်စည်များတင်ပို့နိုင်ရေးတို့အတွက် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကုန်သည်လုပ်ငန်းရှင်များက ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနက ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ကုန်စည်များ လွယ်ကူချောမွေ့စွာ သယ်ယူနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)