ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၉၅၀၀ ကျော် စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၉၅၀၀ ကျော် စိုက်ပျိုးပြီးစီး


MNP ၊  ဩဂုတ်  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးစပါး ဧက ၂၉၅၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၃ ဧက လျာထားပါတယ်။ ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ ၂၉၅၈၁ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ မိုးကောင်းသောက် လယ်ယာမြေများဖြစ်သော်လည်း ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနေကြပါတယ်”ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။


အဆိုပါ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန် ပိုးမွှားကင်းထောက်ခြင်း၊ သမန်းနိုး ပေါင်းထိုးခြင်း၊ မြေဩဇာစနစ်တကျ ထည့်သွင်းခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း စသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။


မျိုးဝင်းညို 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)