ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ





MNP ၊  ဩဂုတ်  ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁:၃၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက Moderator အဖြစ် ဆောင်ရွက်ကာ Grade-10 ကျောင်းသား/ကျောင်းသူ (၆)ဦးက ဆွေးနွေးခဲ့ရာ G-10 ကျောင်းသား မောင်သိုက်ထွန်းအောင်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုးခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာ ယဉ်ကျေးမှုအဓိပ္ပာယ် (၃)မျိုးရှိကြောင်းနှင့် လူငယ်တွေယဉ်ကျေးလိမ္မာမှ အနာဂတ်မြန်မာနိုင်ငံ သာယာလှပတင့်တယ်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ Grade-10 ကျောင်းသူ ဟေမာန်ဇူးက လူငယ်နှင့်သတ္တိ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာ စိတ်ပိုင်းဆိုင်ရာ သတ္တိနှင့် ရုပ်ပိုင်းဆိုင်ရာ သတ္တိနှစ်မျိုးရှိပြီး စိတ်ပိုင်းဆိုင်ရာသတ္တိက ပိုမိုမြင့်မား၍ မိမိကိုယ်တိုင် လေ့ကျင့်မွေးမြူရမည်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ပြီး Grade-10 ကျောင်းသား မောင်အောင်အောင်ဦးက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးတွေနှင့်ပတ်သက်၍ ဆွေးနွေး‌ပေးခဲ့သည်။


ဆက်လက်၍ Grade-10 ကျောင်းသူ မချောချောသူဇာက “လူငယ်နှင့်အချိန်”၏ တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်တွေ အချိန်ကို မိမိဘဝအတွက် အကျိုးရှိအောင် မည်ကဲ့သို့ အသုံးချရမည့်ဟူသော အချက်များဖြင့် ဆွေးနွေးခဲ့ပြီး Grade-10 ကျောင်းသား မောင်ထက်အောင်ခိုင်က “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ ဆိုရှယ်မီဒီယာကို အသုံးပြု၍ မိမိဘဝတိုးတက်အောင် ရှာဖွေရမည့် နည်းလမ်းများနှင့် ဆိုရှယ်မီဒီယာ၏ ဆိုးကျိုးများကို ရှောင်ရှား နိုင်ရန်ဆွေးနွေးကာ Grade-10 ကျောင်းသူ မခင်ကောင်းစုက လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှာ အောင်မြင်သောသူ တစ်ဦးဖြစ်ရန် စာပေလေ့လာသင့်ပါကြောင်း ဆွေးနွေးပေးခဲ့သည်။   


ထို့နောက် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသား/ကျောင်းသူ (၆)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲ၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက ကြည်ရှုခဲ့ကြကြောင်း သိရသည်။


ဇော်ထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)