MNP ၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားနှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုခွဲ မဲနှိုက် ရွေးချယ်ပွဲကို ယမန်နေ့ နေ့လည် ၁၂နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများ ၊ မြို့နယ် အား/ကာကော်မတီဝင်များ ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် အားကစားမှူး ဦးအောင်ကိုကိုက ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်နှင့် တာဝန်ရှိသူများက အသက်(၁၈)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားနှင့် အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် အုပ်စု ခွဲခြင်းကို မဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခဲ့ကြသည်။
အဆိုပါ (၁၈)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားနှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဩဂုတ်လ ၁၂ ရက်နေ့နောက်ပိုင်းတွင် စတင်ကျင်းပမည်ဖြစ်ကာ အခြေခံပညာကျောင်းများမှ အမျိုးသား/အမျိုးသမီး ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၂၂ သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သူရအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment