တာမွေမြို့နယ်တွင် " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ





MNP ၊  ဩဂုတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိဉာဏ် ပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများ အဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်  ရည်ရွယ်ပြီး တာမွေမြို့နယ် စာပေဝါသနာရှင်များမှ စီစဉ်ကျင်းပသော " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ အောင်ဘုန်းမြင့် (ကချင်မြေ)က စာရေးဆရာမ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်မှ " လမ်းလျှောက်ထွက်ကြမယ် " ခေါင်းစဉ်တွင် စာရေးသူက “ လမ်းလျှောက်ခြင်းသည် နေ့စဉ်လှုမှုဘဝအတွက်များစွာ အကျိုးရှိကြောင်း၊ ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုကြောင်း၊ လမ်းလျှောက်ခြင်းသည် ကိုယ်လက်လှုပ်ရှား အားကစားနည်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နေ့စဉ်မှန်မှန် နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်ခြင်းသည် ခန္ဓာကိုယ်ရှိ အရိုးအဆစ်နှင့် ကြွက်သားများအား သန်မာစေရုံသာမကပဲ နှလုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြု ကြောင်း " စသည်ဖြင့် အသိပညာပေး ရေးသားထားကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ဆက်လက်၍ တာမွေမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဒေါ်မိုမိုးသန့်စင်က " စွန့်စား မှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်တွင် စာရေးသူက “ လူငယ်များအနေဖြင့် မိမိတို့ ရောက်ရှိနေသည့် အခြေအနေ တစ်ခုတွင် ရပ်မနေသင့်ဘဲ မိမိတို့ဘဝ အောင်မြင်တိုးတက်ရေးအတွက် စွန့်စားမှုအပြည့်ဖြင့် အဆက်မပြတ် ကြိုးစား လျှောက်လှမ်းနေရမှာဖြစ်ကြောင်း ” အသိပညာပေး ရေးသားထားသည်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော စာပေဝါသနာရှင်များကလည်း စာရေးဆရာမ ခင်စောတင့်၏ " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " စာအုပ်တွင် ပါဝင်သော အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)