ပေါင်မြို့နယ်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ကျင်းပ




MNP ၊  ဩဂုတ်  ၁၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ကျင်းပခြင်းကိုယနေ့နံနက်ပိုင်းက ( အထက ) ပေါင် အင်ကြင်းရဂုံ ခန်းမ ၌ကျင်းပပြုလုပ်ခဲ့သည်။


ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများအား စည်းကမ်းချက်များကိုရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ခြင်းကိုစတင် ယှဉ်ပြိုင်ခဲ့သည်။


အဆိုပါပြိုင်ပွဲကို အစာအုပ်စု (၃)စုဖြစ်သည့် ခန္ဓာကိုယ်ကြီးထွားစေသောအစာအုပ်စု၊ ရောဂါကာကွယ်စေသောအစာအုပ်စု၊အင်အားကိုဖြစ်စေသောအစာအုပ်စု စသည့်အကြောင်းအရာများပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ( အမက ) ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၄)ဦးက ပါဝင်ယှဉ်ပြိုင်ကာ ဆုရရှိသော ကျောင်းသား၊ကျောင်းသူများကို ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)